အက္ခရာနံပါတ် ဂ ၇၁၆၄၄၄ မှ ကျပ်သိန်း ၅၀၀၀ ထီဆုဆွတ်ခူးရရှိ

0
136

ယနေ့ဖေဖော်ဝါရီ (၁) ရက်တွင် ဖွင့်လှစ်သည့် (၅၉) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာနံပါတ် ဂ ၇၁၆၄၄၄ မှ ကျပ်သိန်း ၅၀၀၀ ဆွတ်ခူးရရှိခဲ့ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ထို့အပြင် ဆ ၆၂၉၇၉၅ မှ ကျပ်သိန်း ၂၀၀၀ ဆု၊ အက္ခ ရာနံပါတ် ဂ ၉၄၅၇၄၇ မှ ကျပ်သိန်း ၁၀၀၀ ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယခု (၅၉)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာ လေ သိန်းထီဖွင့်ပွဲနှင့် အွန်လိုင်းအောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ လူပုဂ္ဂိုလ်များအား အသုံးမပြုဘဲ Air Blow Digital Machine စက်များအသုံးပြုဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here