လူထုဆန္ဒမဲဆုံးရှုံးမှု မဖြစ်ပေါ်စေရေး FPTP စနစ်အစား PR စနစ်ကို ကျင့်သုံးမည်

0
254

လူထုဆန္ဒမဲဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မဲများသူအနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အစား နိုင်ငံနှင့်သင့်လျော်သည့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List-PR) ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်အား ကျင့်သုံး၍ ရွေး ကောက်ပွဲပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ လေးကြိမ်မြောက် တွေ့ဆုံအပြီး သဘောတူညီချက်များ ရရှိပြီးဖြစ်ကြောင်း (၁/၂၀၂၄) ကာ/လုံ အစည်းအဝေးတွင် နစက ဥက္ကဌက ပြောကြား သည်။

ယင်းအတွက် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ထုတ်ပြန်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို အသစ် ပြဋ္ဌာန်းထုတ်ပြန် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟုဆိုသည်။

“နိုင်ငံရေးပါတီတွေအနေနဲ့နိုင်ငံတော်တာဝန်ကို ဦးဆောင်ပြီး ဆောင်ရွက်ရမှာဖြစ်တာကြောင့် ခိုင်မာအားကောင်းသတဲ့အဖွဲ့တွေ ဖြစ်စေရေး နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ နည်းဥပဒေတွေကို အသစ် ပြဋ္ဌာန်းထုတ်ပြန် ဆောင်ရွက်ခဲ့ပါတယ်”ဟု နစက ဥက္ကဌက ပြောကြားသည်။

လက်ရှိတွင် PR စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့်  ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၅၀)နှင့် ပါတီအသစ် တည် ထောင်ခွင့်လျှောက်ထားသည့် ပါတီ (၁၅) ပါတီ စုစုပေါင်း (၆၅) ပါတီ ရှိပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ (၆၅)ပါတီအနက် (၄၇) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ ပါတီ(၂) ခုအားဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့် အတွက် လက်ရှိတည်ဆဲနိုင်ငံရေး ပါတီ (၄၅) ပါတီ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here