၂၀၂၀ပြည့် ရွေးကောက်ပွဲကဲ့သို့ မဲစာရင်းကြောင့် အမည်းစက် ထပ်မံမဖြစ်စေရေး ဆောင်ရွက်ရန်လိုဟု နစက ဥက္ကဌ တိုက် တွန်း

0
186

နစက က ကျင်းပပြုလုပ်မည့် ရွေး ကောက်ပွဲတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကဲ့သို့ မဲစာရင်းမှားယွင်းမှုများကြောင့် အမည်းစက် ဖြစ်ခဲ့ရသည့်အဖြစ်မျိုး ထပ်မံမဖြစ်စေရေး ဆောင်ရွက်ရန် လိုကြောင်း နစက ဥက္ကဌ က တိုက်တွန်းသည်။

ယမန်နေ့ ဇန်နဝါရီလ (၃၁)ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ (၁/၂၀၂၄) အစည်း အဝေးတွင် နစက ဥက္ကဌက ယင်းသို့ တိုက်တွန်း ပြောကြားခဲ့ခြင်းလည်းဖြစ် သည်။

ထို့ကြောင့် ယခု ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရေး လိုအပ်ကြောင်း ဆို သည်။

“သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်မှ မှန်ကန်တဲ့ မဲစာရင်းတွေ ရရှိမှာဖြစ်တာကြောင့် ရွေးကောက်ပွဲကို မှန်ကန်စွာ ပြုလုပ်နိုင်မှာ ဖြစ်တယ်။”ဟု နစက ဥက္ကဌ ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက် ယူရရှိသည့် လူဦးရေကို အခြေခံပြီး ခန့် မှန်းတွက်ချက်ရာ ၂၀၂၃ ခုနှစ် အောက် တိုဘာလ (၁) ရက်အထိ  နိုင်ငံ၏ ခန့်မှန်းလူဦးရေသည် ( ၅၆ ဒဿမ ၂ )သန်းရှိကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ လူဦးရေ စာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းများ ပြုစုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင် က မဲဆန္ဒရှင်များမဲပေးရာတွင် မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine) ဖြင့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းအတွက် နေပြည်တော်ရှိ ဗဟိုအဆင့်အဖွဲ့အစည်းများအပါအဝင် ဝန်ကြီးဌာနများ၊ တက္ကသိုလ်များ စုစုပေါင်း( ၄၂) ဖွဲ့တို့တွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် နေပြည်တော်ရှိ မြို့နယ် (၈) ခု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတို့တွင် ဆောင်ရွက်ခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here