ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကိုဖြုတ်ကာ နစက ဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၄) ခုထပ်ထည့်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း

0
669

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ (၃) ရက်က ဖွဲ့စည်းထားသည့် ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို ဖြုတ်ကာ နစက ဥက္ကဋ္ဌဝန်ကြီးဌာန (၄) ခု ထပ်ဖြည့်ပြီး အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၁) ရက် နံနက်ပိုင်းတွင် အမိန့်အမှတ် ၁၇/ ၂၀၂၄ ဖြင့် နိုင်‌ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

နစက၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ရန်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည့် အမိန့်စာ၌ ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြင်ဆင်ဖွဲ့စည်းခဲ့မှုအရ ယခင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယခုအခါ နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။

အလားတူ နစက ဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝ န်ကြီးအဖြစ် ဦးအောင်နိုင်ဦး ၊ နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုး ၊ နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မိုးအောင် တို့ကို ခန့်အပ်တာဝန်ပေးထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here