ကိုဗစ် – ၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍအတွက်ချေးထားသည့်ချေးငွေ သက်တမ်း (၁) နှစ် ထပ်မံ တိုးမြှင့်ပေး

0
145

ကိုဗစ် – ၁၉ ကြောင့် ထိခိုက်ခဲ့သည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလကို သက်တမ်း (၁) နှစ် ထပ်မံ တိုးမြှင့်ပေးလိုက်ကြောင်း ကိုဗစ် (၁၉)ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်ထားသည်။

ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာန ယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှု အများဆုံးဖြစ်သည့် လုပ်ငန်းများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်မှစတင်၍ ကုမ္ပဏီ နှင့် လုပ်ငန်း စုစုပေါင်း ၈၇၉ ခု အတွက် ချေးငွေ ပမာဏ ကျပ် ၁၃ ဒသမ ၁၃၂၅ ဘီလီယံ ကိုဗစ် ရန်ပုံငွေမှ ချေးငွေများထုတ်ပေးခဲ့ပြီးဖြစ်သည်။

ယခုအခါ ၂၀၂၄ ခုနှစ်၊ မတ်လ (၈) ရက်တွင် ပြန်လည်ပေးဆပ်ရမည့် ကာလ‌ရောက်ပြီဖြစ်သော်လည်း သက်တမ်း (၁) နှစ် စေ့ရောက်သည့်နေ့စ၍ (၁) နှစ် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

ယင်းကြောင့် ချေးငွေရယူထားသည့် ကုမ္ပဏီ၊ လုပ်ငန်း ၈၇၉ ခု အနေဖြင့် တစ်ဖက်ပါအခြေအနေများဖြင့် ချေးငွေပြန်ဆပ်ရန်ကာလ ကို ချေးငွေကာလ သက်တမ်း (၂)နှစ်စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်နှစ် ထပ်မတိုးမြှင့်ပေးတော့ကြော င်းလည်း အသိပေးထားသည်။

အဆိုပါ ကုမ္ပဏီ၊ လုပ်ငန်း ၈၇၉ ခု အနေဖြင့် ပထမနှစ်အတွက် ပထမအကြိမ် အတိုးများပေးဆပ်ပြီး ဖြစ်ရန် ၊ ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများကို ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရန်နှင့်ချေးငွေကို ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ၊လုပ်ငန်း ဖြစ်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့်ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြား စာတွင် “ပြန်လည်ပေး ဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် ခံရမည်ဖြစ်ပါကြောင်း” အသိပေး ဖော်ပြထားသည့်အတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထား သ ည့် ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက တရားမကြောင်းအရ ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ် န ည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထား သည့်ကာလအတွင်း အပြီးသတ် အပြေအကျေပေးဆပ်ရန် အသိပေးကြေညာစာတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here