ပြည်မြို့၊ ပြည် – ရန်ကုန်လမ်းမပေါ်တွင် ဆိုင်ကယ်မှ လမ်း ဖြတ်ကူးသူ အမျိုးသမီးအား မတော်တဆ တိုက်မိမှုဖြစ်ပွားရာ အမျိုးသမီး ပြင်းထန်ဒဏ်ရာရ

0
287

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့၊ ပြည် – ရန်ကုန်လမ်းမပေါ် ၊ ဆင်စုတာရိုးထိပ်တွင် ဆိုင်ကယ်မှ လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦးအား မတော်တဆ တိုက်မိမှုဖြစ်ပွားရာ အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီမှ သိရသည်။

ဖေဖော်ဝါရီ (၁) ရက်၊ နံနက် (၇) နာရီ အချိန်ခန့်က ပြည်မြို့၊ ပြည် – ရန်ကုန်လမ်းမပေါ် (ဆင်စုတာရိုးထိပ်တွင်) ဆိုင်ကယ် မတော်တဆ တိုက်မိမှုဖြစ်ပွားရာ လူနာများရှိသဖြင့် အရေးပေါ် လာရောက် ကူညီပေးပါရန် ဆက်သွယ် အကြောင်း ကြားချက်အရ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းတဲ့ ကောင်လေးက လမ်းဖြတ်ကူးတဲ့ အန်တီကြီးကို ရှောင်လိုက်တာ တိုက်မိသွားတယ်။ ပြီးတော့ နောက်ဆိုင်ကယ်တစ်စီးကို တိုက်မိတယ်။ အဲဒီဆိုင်ကယ်က လူတော့ ဘာမှ မဖြစ်ဘူး။”ဟု ဖြစ်စဉ်ကို တွေ့ရှိသူ ဒေသခံ တ စ်ဦးက ပြောသည်။

ဖြစ်စဉ်ကြောင့် အခင်းဖြစ်ပွားရာမှ ခေါင်းထိ၊ သွားကျိုး၊ နှာခေါင်းသွေးထွက်(စိုးရိမ်ရလူနာ) အမျိုးသမီးတစ်ဦးနှင့် ခြေ ခုံ အရိုးပေါ် အမျိုးသားလူနာ တစ်ဦးအား မြေပြင်အရေးပေါ် လိုအပ်သည်များ ကုသပေး၍ အရေးပေါ် ဆေးကုသမှု ခံယူရန်အတွက် ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပရ ဟိတပါရမီ မှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here