အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ပုဒ်များ ဖိတ်ခေါ် ထား

0
516

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ပုဒ်များ ဖိတ်ခေါ် ထားသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှကြီးမှူးကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်း ချီ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ခေါင်းစဉ်အဖြစ် အသုံးပြုရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ပုဒ် (၅) ခု ရွေး ချယ်မည်ဖြစ်ကြောင်း သိရသည်။

တစ်ဦးလျှင် ဆောင်ပုဒ် (၂) ခု ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဆောင်ပု ဒ် ၁ ခု ချင်းစီအား မြန်မာ – အင်္ဂလိပ် နှစ်ဘာသာဖြင့် ယှ ဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ မြန်မာဘာသာအတွက် Font size – 13, Pyidaungsu Font ဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာ သာအတွက် Font size- 13, Pyidaungsu Font ဖြင့်လည်း ကောင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင် ဆောင်ပုဒ်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ (၂၆) ရက် နောက်ဆုံးထား ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီးဆောင်ပုဒ်များကို Fax ၀၆၇၃ – ၄၀၁၇၄၈ နှင့် Email – [email protected] သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ဆောင်ပုဒ်ယှဉ်ပြိုင်သူများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုး သားရေးတာဝန်အဖြစ်ခံယူပြီး ပြည်သူအားလုံးမှ တက်ကြွစွာ ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here