အတန်းတင် စာမေးပွဲဖြေဆိုမည့် စစ်ရှောင်ကလေးငယ် (၂၀၀) ခန့် အတွက် ကျောင်းသုံးပစ္စည်းများ လှူဒါန်း

0
210

လာမည် ဖေဖော်ဝါရီလအတွင်း အတန်းတင်စာမေးပွဲဖြေဆိုကြမည့် ဖားကန့် စစ်ရှောင်ကလေးငယ် (၂၀၀)ဦးအတွက် သင်ထောက်ကူပစ္စည်းများအပါအဝင် ကျောင်းသုံးစာအုပ်များကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းမှ စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူ တစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၃၀)ရက်နှင့် (၂၉) ရက်တို့တွင် အဆိုပါ ကလေးငယ် (၂၀၀) ဦးခန့်အတွက် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြ စ်သည်။

အဆိုပါ စစ်ရှောင်ကလေးငယ်များမှာ တိုက်ပွဲဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ် ဝှေခါ၊ ဂျန်ဂါ၊ မကပင်၊ မော်လကင်၊ ဆိုင်းတောင်နှင့် ခက်ဂျန် စသည့် ဒေသများရှိ စစ်ရှောင်ကလေးများနှင့် မိဘမဲ့ကလေးငယ်များဖြစ်ကြောင်း သိရသည်။

“ကလေးတွေကို KG တန်းနဲ့ နှစ်တန်းအထိ အားလုံးအအောင်ပေးမယ်လို့သိရတယ်။ သုံးတန်းကနေ (11) တန်းအထိကဖြေရမယ်။ စာမေးပွဲဖြေဆိုဖို့နေရာကို သတ် မှတ်ပြီးပါပြီ။” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကလေးငယ်များအတွက် စစ်ရှောင်စခန်းများရှိ ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိပြီး၊ စာမေးပွဲဖြေဆိုမည့်နေရာအား လုံးခင်းဘုန်းကြီးကျောင်းတွင် သွားရောက်ဖြေဆိုရန်စီစဉ်ထားရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ဒေသတွင်း စစ်ဘေးရှောင်ပြည်သူ (၄၀၀၀) ကျော်မှာ ဖားကန့်ဆိပ်မူကျေးရွာရှိ စစ်ရှောင်စခန်း(၆)ခုတွင် လာရောက်ခိုလှုံနေကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here