လျှပ်စစ်သုံးယာဉ်များ ပိုမိုအသုံးပြုလာနိုင်၍ အားသွင်းရုံများ တိုးချဲ့တည်ဆောက်ကြရန် စက်မှုဝန်ကြီး တိုက်တွန်း

0
169

ပြည်သူများအနေဖြင့် လျှပ်စစ်သုံးယာဉ်များကို ပိုမိုအသုံး ပြုလာနိုင်မည်ဖြစ်၍ Charging Station များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုတင်စဉ်းစား ဆောင်ရွက်ထားရန် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း၏ ပြောသည်။

အစိုးရမှ တင်သွင်းခွင့်ပြုခဲ့သည့် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးအတွက်လည်း လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနိုင်သည့် စနစ်များ ပြည့်စုံအောင်တပ်ဆင်ထားရှိရမည်ဟု ဆိုသည်။

Charging Station ရှိ တာဝန်ရှိသူများအနေဖြင့် သုံးစွဲသူပြ ည်သူများ၏ အကြံပြုချက်များအတိုင်း ပြုပြင်ပြောင်းလဲ တပ်ဆင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။

လျှပ်စစ်သုံးယာဉ်များသို့ လျှပ်စစ်ဓာတ်အားများ ဖြည့်သွင်းနေစဉ် မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များ ဖြစ်ပွားလာပါက လျ င်မြန်စွာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေး အစီအမံများရေး ဆွဲထားကြရန်လည်း လမ်းညွှန်ထားသည်။

Charging Station များ တည်ထောင် ဖွင့်လှစ်ထားသည့် ကု မ္ပဏီများအနေဖြင့် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားများ ထုတ်လု ပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု စက်မှုဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံနေသည့် အခက်အခဲများရှိပါက အ မျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မ တီ ငါးခုတို့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်လည်း ဆိုထားသည်။

Charging Station များတွင် မီးငြှိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရန်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်များရေးဆွဲပြီး ဇာတ်တိုက်လေ့ ကျင့်ထားကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here