ယနေ့ နံနက် ပိုင်းတွင် တောင်သမန် မယ်ဇယ်လွင်ပြင် ဖွင့်လှစ်

0
343

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို၊ သမိုင်းဝင် ဦးပိန်တံတားအနီးတွင် ယနေ့ နံနက် (၇) နာရီ အချိန်က တောင်သမန် မယ်ဇယ်လွင်ပြင်ကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

တောင်သမန် မယ်ဇယ်လွင်ပြင်သည် တောင်သမန်အင်း၊ ဦးပိန်တံတားနှင့် မယ်ဇယ်ပင်တန်း စသသည့် ယဉ်ကျေးမှုအမွေအနှစ်များ တစ်စုတစ်ဝေးတည်း တည်ရှိသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

မယ်ဇယ်တန်းအနီးရှိ ဈေးဆိုင်းများအနီးတွင် တောင်သမန်မယ်ဇယ်လွင်ပြင်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြိးနေလင်းစိုး၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ မြိုတော်ဝန်ဦးကျော်ဆန်းနှင့် မြိုမိမြိုဖ ဦးကျော်ကျော်တို့က ဖဲ ကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မယ်ဇယ်လွင်ပြင် ဖွင့်ပွဲနှင့်အတူ  မယ်ဇယ်တန်းအလှ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ ဆုချီးမြှင့်ပွဲကို ပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ တော်စည်ပင်သာယာရေးကော်မတီ တောင်သမန် မယ်ဇယ်လွင့်ပြင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဈေးဆိုင်များ စနစ်တကျ ရှိစေရေး ဆိုင်ခန်း (၈၂) ခန်း ဆောက်လုပ်ပေးပြီး ဆိုင်ခန်းနေရာ ချထားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here