ဒေါ်လာ ၆ ဒသမ ၃ သန်းကျော်ပမာဏရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၈ ခု YRIC ခွင့်ပြု

0
216

အမေရိကန်‌ဒေါ်လာ ၆.၃၉၉ သန်းပမာဏရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်း နှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုလိုက်ကြောင်း သိရသည်။

YRIC အနေဖြင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀% ‌ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလပ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ရာဘာသစ်အချောထည်များ ထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်ပတင်ပို့ခြင်းလုပ်ငန်းနှင့် အထည်ချုပ်လုပ်င န်းတွင် အသုံးပြုသော Carton Box များ ထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်‌ဒေါ်လာ ၆.၃၉၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၆,၅၅၁) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here