မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ မော်စကိုသွားမည်

0
188

မော်စကို၊ဖေဖော်ဝါရီ ၁

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် လာမည့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရုရှား ပါလီမန်၏အောက်လွှတ်တော်သို့သွားရောက်မည်ဖြစ်ကြောင်း အတိုက်အခံကွန်မြူနစ်ပါတီမှ အမတ်တစ်ဦး၏ပြောကြားချက်အား နိုင်ငံပိုင်သတင်းဌာန RIA က ကိုးကား၍ ဖော်ပြခဲ့သည်။

ကွန်မြူနစ်လွှတ်တော်အမတ် Kazbek Taysaev က ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည်လည်း လာမည့် မတ်လတွင် မြောက်ကိုရီးယားသို့ အပြန် အလှန်လသွားရောက်ရန် အစီအစဉ်ရှိကြောင်းထပ်မံပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းနှင့်စစ်ပွဲကို စတင်ချိန်ကစ၍ အမေရိက နှင့်အဆင်မပြေသည့် မြောက်ကိုရီးယားနှင့်အီရန်တို့ကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံရေးအား အလေးထားတိုးမြှင့်လျက်ရှိပြီး အဆိုပါဆက်ဆံရေးမြှင့်တင်မှုများသည် အနောက်အုပ်စုများ၏ စိုးရိမ်ပူပန်မှု ကို မြင့်တက်လာစေခဲ့သည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်း၏ ယမန်နှစ်က မြောက်ကိုရီးယားသို့လာရောက်လည်ပတ်ရန်ဖိတ်ကြားချက်အားလက်ခံခဲ့ပြီး ခရီးစဉ်အတိအကျအား ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း အတိအကျကိုထုတ်ပြန်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လ၌ ခရင်မလင်ကပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ၌အသုံးပြုခဲ့သည့် အမြောက်ကျည်များနှင့် ဒုံးကျည်များသည် ရုရှားအား မြောက်ကိုရီးယားကထောက်ပံ့ထားသည့် လက်နက်များဖြစ်သည်ဟု အမေရိက ကစွပ်စွဲခဲ့သော်လည်း ပြုံယမ်းနှင့်မော်စကိုတို့ကငြင်းဆိုခဲ့သည်။ သို့သော် ယမန်နှစ်ကမူ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးအား နက်ရှိုင်းအောင်လုပ်ဆောင်ရန်လည်းကတိပြုခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here