ကျောက်မဲမြို့နယ်အတွင်း ဆိုင်ကယ်တိုက်ရာမှ ဆိုင်ကယ်မောင်းသူ နေရာ၌ပင် ‌ေ-သဆုံး

0
204

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့နယ်၊ ဇီးပင်စခန်းကျေးရွာ၊ ဂုတ်တွင်းကျောင်းကုန်းရွာ အထွက်၌ ယနေ့ ဖေ ဖော်ဝါရီ(၁)ရက် မွန်းလွဲပိုင်းအချိန်က ဆိုင်ကယ်တစ်စီး အရှိ န်လွန်၍ မြောင်းကူးတံတားအား တိုက်မိရာ ဆိုင်ကယ်မောင်းသူနေရာ၌ပင် ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ  ဖြစ်စဉ်မှောက်ရာတွင် ဆိုင်ကယ်က ခါး​အထက်ပိုင်းပြန်ပိသကဲ့သို့ဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူ၏ဦးခေါင်းပါထိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း ပရဟိတအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

သေဆုံးသူ ဆိုင်ကယ်သမားမှာ ပင်တိန်အရှေ့ရွာမှဖြစ်ကြောင်းသိရပြီး၊ ရုပ်အလောင်းအား နောင်ပိန်တိုက်နယ်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သေဆုံးသူတွင် ပါရှိသော ငွေသား ၂၅၅,၀၀၀ ကျပ် (နှစ်သိ န်းငါးသောင်းငါးထောင်ကျပ်)အား အများပြည်သူရှေ့တွင်ရေတွက်၍ သေဆုံးသွားသူ၏အမ တော်စပ်သူထံအပ်နှံပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here