နျူကလီးယားစမ်းသပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပဲ့ထိန်းဒုံးကျည် ဗြိတိန် ပစ်လွှတ်မည်

0
187

၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်သည် Trident II D5 အမျိုးအစား ပဲ့ထိန်းဒုံးကျည်ကို ပြန်လည်ပြင်ဆင်ထားသော HMS Vanguard နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်လွှတ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ The Sun သတင်းစာက ဖော်ပြခဲ့သည်။

နျူထိပ်ဖူးအစစ်တပ်ဆင်မထားသော အဆိုပါ ဒုံးကျည်ကို အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၉၀ ခန့်အကွာရှိ နေရာမှ ပစ်လွှတ်မည်ဖြစ်သည်။ HMS Vanguard ရေငုပ်သင်္ဘောကို Florida ရှိ Port Canavarel တွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရှိခဲ့သည်။

HMS Vanguard အပြင် ဗြိတိန်တွင် ၁၉၉၀ ခုနှစ်များက တည်ဆောက်ခဲ့သော Vanguard အတန်းအစားနျူကလီးယားရေငုပ်သင်္ဘောသုံးစင်းရှိသေးသည်။ ယင်းတို့မှာ HMS Victorious၊ HMS Vigilant နှင့် HMS Vengeanceတို့ဖြစ်ကြာပြီး လက်ရှိတွင် ၎င်းတို့အနက်မှ နှစ်စင်းကသာလျှင် တာဝန်များထမ်းဆောင်ရန် သင့်လျော်တော့သည်။ ဗြိတိန်သည် ၎င်းတို့အား Dreadnought အတန်းအစားရေငုပ်သင်္ဘောများဖြင့် ၂၀၃၀ ခုနှစ်အစောပိုင်းတွင် စတင်အစားထိုးမည်ဖြစ်သည်။

တော်ဝင်ရေတပ်သည် ၂၁ ရာစုတွင် Trident II D5 အမျိုးအစား ဒုံးကျည်ငါးစင်းမျှသာ တပ်ဆင်ထားပြီး ၎င်းတို့အနက်မှ နောက်ဆုံးစမ်းသပ်ပစ်လွှတ်မှုသည် ၂၀၁၆ ခုနှစ်တွင် ဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်က HMS Vengeance ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် ကီလိုမီတာ ၉၀၀၀ အကွာအဝေးကို လွှမ်းခြုံမှုရှိကာ အတ္တလန်တိတ် သမုဒ္ဒရာ၏ တောင်ဘက်ခြမ်းရှိ ပစ်မှတ်ကို ထိမှန်နိုင်ရန် ချိန်ရွယ်ပစ်လွှတ်ခဲ့သော်လည်း လမ်းချော်သွားပြီး အလိုအလျောက် ပျက်စီးသွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here