အချုပ်အချာပိုင်နက် ကာကွယ်ရေးအတွက် ရေငုပ်သင်္ဘော ဝယ်ယူမည့်အစီအစဉ်ကို ဖိလစ်ပိုင် သမ္မတ အတည်ပြု 

0
229

အငြင်းပွား တောင်တရုတ်ပင်လယ်ဒေသရှိ ရေပိုင်နက် အချုပ်အခြာကို ကာကွယ်ဖို့ အတွက် နိုင်ငံရဲ့ ပထမဆုံးသော ရေငုပ်သင်္ဘော ဝယ်ယူရေး အပါအဝင် စစ်တပ် ခေတ်မီပြုပြင်ပြောင်းလဲရေး တတိယအဆင့်အတွက် ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အတည်ပြုပေးလိုက်ကြောင်း သိရပါတယ်။ 

ခေတ်မီတိုးတက်ရေး တတိယအဆင့်ဟာ ပြည်တွင်း ကာကွယ်ရေးမှသည် ပြင်ပ ကာကွယ်ရေး မဟာဗျူဟာ ပြောင်းလဲမှုကို ထင်ဟပ်ကြောင်း အနောက်ဖိလစ်ပိုင်ပင်လယ်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရွိုင် ထရီနီဒတ်က ပြောဆိုပါတယ်။ 

“ရေတပ်ကြီးတစ်ခု မဟုတ်ပေမယ့် ကျွန်တော်တို့ ပိုင်နက်အခွင့်အရေးနဲ့ အချုပ်အခြာကို စောင့်ရှောက်မယ့် ရေတပ်တစ်ခုတော့ ရှိမှာပါ” လို့ သူက ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေရန် ပြင်ဆင်ထားတဲ့ ခေတ်မီတိုးတက်ရေး တတိယအဆင့်ဟာ ပီဆို ၂ ထရီလီယံ(စင်ကာပူဒေါ်လာ ၄၇.၈ သန်း) ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး နှစ်များစွာအတွင်း အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ မစ္စတာ ထရီနီဒတ်က ပြောပါတယ်။ 

တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ တင်းမာမှု ကြီးထွားလာစဉ်မှာ ယခု ကြေညာချက်ထွက်လာတာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်က ၎င်းတို့ သီးသန့်စီးပွားရေးဇုန်အတွင်းရှိ တောင်တရုတ်ပင်လယ် ရေပြင်အစိတ်အပိုင်းကို အနောက် ဖိလစ်ပိုင်ပင်လယ်လို့ သတ်မှတ်ခေါ်ဆိုပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ရေငုပ်သင်္ဘောအရေအတွက် ဘယ်လောက်များများ -ဝယ်ယူသွားမှာလည်းဆိုတာကို မစ္စတာ ထရီနီဒတ်က လတ်တလောမှာ ပြောဆိုနိုင်ခြင်း မရှိသေးပေမယ့် “သေချာတာကတော့ တစ်စင်းထက် ပိုမှာပါ” လို့ ဆိုသွားခဲ့ပါတယ်။

 Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here