သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ် လာ ၅ သန်းနှင့် ဘတ်သန်း ၅၀ ယ​နေ့ထပ်မံရောင်းချ

0
196

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ယနေ့ ဖေဖေါ်ဝါရီ (၂) ရက်တွင် နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

ကုန်သွယ်​နေသည့်လုပ်ငန်းရှင်များကို Online Trading Platform မှ တဆင့် အဆိုပါ နိုင်ငံခြားငွေများကို ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ (၁၈) ရက်နှင့် (၂၁) တို့တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ဒေါ်လာ ၂၂. ၁၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ် လာ ၆၈.၃၃ သန်း၊ ထိုင်းဘတ် ၃၁၃.၅ သန်းနှင့် တရုတ်ယွမ် ၄ သန်းတို့ကို နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက်အတွင်း နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်ခြင်းကို ထိန်းချုပ်လိုသဖြင့် အမရိကန်ဒေါ်လာ အပါ အဝင် နိုင်ငံခြားငွေများကို သန်းနှင့်ချီ ရောင်း ချပေးနေခြင်းဖြစ်သည်။

လက်ရှိမှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာရည်ညွှန်းဈေး ၂၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်အ တွင်း တစ်ဒေါ်လာ ၃၅၀၀ – ၃၅၅၀၊ ထိုင်းဘတ် ၉၉ – ၁၀၁ ကျပ်နှင့် တရုတ်ယွမ် ၄၈၅ – ၄၉၅ ကျပ် ဈေးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here