ဗလမင်းထင် တံတားပေါ်တွင် ဆိုင်ကယ်နှစ်စီး တိုက်မိ ၊ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးအနက် တစ်ဦးစိုးရိမ်ရ

0
259

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတားပေါ်တွင် ယနေ့ဖေဖော်ဝါရီ (၂)ရက် နံနက်ပိုင်းက ဆိုင်ကယ်နှစ်စီးတိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း  သိရသည်။

တံတားပေါ်တွင် ကားတစ်စီးအား ရှောင်တိမ်းရာမှ ဆိုင်ကယ်နှစ်စီး တိုက်မိခဲ့ခြင်းဖြစ်ပြီး စိုးရိမ်လူနာအတွက် မိသားစုဝင်များကို ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ က ဆိုသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးကို မြစ်ကြီးနား ပြ ည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ(၁)ရက် ည(၁၂) နာရီအချိန်ခန့်တွင်လ ည်း အင်ဂျန်ဒုံ (မြောက်) ရုပ်တုအနီး ရွှေညီကို သံထည်ဆိုင်ရှေ့၌ ကားတစီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူ မှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ယာဥ်ပိုင်ရှင်၏ မိတ်ဆွေများမှ ကရိန်းဖြင့် တိမ်းမှောက်ယာဥ်အား လာရောက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here