ထောင် ၁၂ နှစ် ချထားသည့် မလေးဝန်ကြီးချုပ်ဟောင်းအား အယူခံဘုတ်အဖွဲ့က ပြစ်ဒဏ်ထက်ဝက်လျှော့

0
159

ထောင် ၁၂ နှစ် ချထားသည့် မလေးဝန်ကြီးချုပ်ဟောင်းအား အယူခံဘုတ်အဖွဲ့က ပြစ်ဒဏ်ထက်ဝက်လျှော့

ကွာလာလမ်ပူ၊ဖေဖော်ဝါရီ ၂

အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာအလွဲသုံးစားလုပ်မှုတွင် လာဘ်ယူခဲ့သည်ဟူသောစွပ်စွဲချက်ဖြင့် တရားစွဲခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရသော မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် ၏ပြစ်ဒဏ်အား အယူခံဘုတ်အဖွဲ့က ထောင်ဒဏ် ၆ နှစ်အထိ ထက်ဝက်လျှော့ချပေးခဲ့ကြောင်းသိရသည်။

အသက် ၇၀ အရွယ်ရှိပြီဖြစ်သည့် နာဂျစ်သည် ၂၀၂၈ ခုနှစ် ဩဂုတ်လတွင်ပြန်လည်လွတ်မြောက်မည်ဖြစ်ကာ ၎င်းအပေါ်ချမှတ်ထားသည့်ငွေဒဏ်ကိုလည်း ရင်းဂစ်ငွေ သန်း ၂၁၀ မှ ရင်းဂစ်ငွေ သန်း ၅၀ သို့လျှော့ချခဲ့ကြောင်း အယူခံဘုတ်အဖွဲ့ကပြောကြားခဲ့သည်။ အကယ်၍ ၎င်းအနေဖြင့် ငွေဒဏ်အားပေးဆောင်နိုင်ခြင်းမရှိပါက ထောင်ဒဏ်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ဘုတ်အဖွဲ့ကပြောကြားခဲ့သည်။

မစ္စတာနာဂျစ်အနေဖြင့် မလေးရှားဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီကြီးတစ်ခုနှင့်ဆက်စပ်၍ နိုင်ငံပိုင်ဘဏ္ဍာငွေများအား တန်ဖိုးကြီးအပျော်စီးသင်္ဘောကြီးတစ်စီးဝယ်ယူမှု၊ တန်ဖိုးကြီးဇိမ်ခံပစ္စည်းဥစ္စာများဝယ်ယူမှုနှင့် နာမည်ကြီး အမေရိကန်သရုပ်ဆောင်လီယိုနာဒိုဒီကာပရီယိုပါဝင်သည့် Wolf of Wall Street ရုပ်ရှင်ကားထုတ်လုပ်ရေးတို့တွင်အသုံးပြုခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုပြုလုပ်သူများကဆိုသည်။

စုံစမ်းစစ်ဆေးမှုများအရ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံသည် အခိုးခံခဲ့ရပြီး ဒေါ်လာသန်းရာပေါင်းများစွာမှာလည်း မစ္စတာနာဂျစ်နှင့်ဆက်စပ်နေသည့် ဘဏ်စာရင်း များ၌ရောက်ရှိနေခဲ့သည်ဟု မလေးရှားနှင့်အမေရိကရှိ စုံစမ်းစစ်ဆေးသူများ၏ပြောကြားချက်အရသိရသည်။

Source : အယ်လ်ဂျာဇီးရား


LEAVE A REPLY

Please enter your comment!
Please enter your name here