ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်နှင့် ဘရော်နီကာတို့ ဆေးစစ်ဝိတ်ချိန်မှုပြီးစီး

0
250

ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်နှင့် ဘရော်နီကာတို့၏ ဆေးစစ်ဝိတ်ချိန်မှုကို ယနေ့ ဖေဖော်ဝါရီလ (၃) ရက် နံနက်က ပြုလုပ်ခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာနှင့် ထိုင်းမွေထိုင်းလက်‌ဝှေ့မယ် Nongbew Tor Thepsutin တို့သည် မနက်ဖြန် ဖေဖော်ဝါရီလ (၄)ရက် ညနေတွင်ကျင်းပမည့် Thai Fight ပြိုင်ပွဲတွင် ထိုးသ-တ်ကြမည်ဖြစ်သည်။

“ဆေးစစ် ဝိတ်ချိန်မှု ပြီးစီးပါပြီ။မနက်ဖြန်အတွက် အကောင်းဆုံး ကြိုးစားပါမယ်။ အားပေးဖို့ မမေ့ကြပါနဲ့” ဟု ဘရော်နီကာက အသိပေးထားသည်။

ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာသည် (၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၆) ပွဲဆက်အနိုင် ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here