မြန်မာ့ရုပ်ရှင်သည် ပျော်ရွှင်လွမ်းမောဖွယ် လူမှုဘဝများကိုသာမက နိုင်ငံ၏ ပကတိ အခြေအနေများကို အနုပညာဖြင့်ဖော်ပြတင်ဆက်နိုင်ခဲ့ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌပြောကြား

0
249

ယမန်နေ့ ဖေဖော်ဝါရီ (၃) ရက် ညပိုင်းတွင် နေပြည်တော် MICC (1) ၊ ကျောက်စိမ်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“ မြန်မာ့ရုပ်ရှင် အနုပညာရှင် အတတ်ပညာရှင်များတွေဟာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံခဲ့ရပေမယ့် မြန်မာနိုင်ငံသူနိုင်ငံသားများကို ဘဝအသိ ဘဝအတွေ့အကြုံများ မျှဝေပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကိုးစားခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုကြိုးစားအားထုတ်ခဲ့ကြတဲ့ ရုပ်ရှင်အနုပညာရှင်များ သူရဲ ကောင်းကြီးများကို ကျွန်တော်တို့အားလုံးက လေးစားတန်ဖိုးထားပါကြောင်း အလေးအနက်ပြောကြားလိုပါတယ်” ဟု နစက ဒုတိယ ဥက္ကဋ္ဌကပြောသည်။

မြန်မာ့ရုပ်ရှင်သည် ကိုလိုနီခေတ်မှစပြီး ငွေရတု၊ ရွှေရတုနှင့် စိန်ရတု ရာပြည့်ခေတ်တိုင်အောင် ခေတ်စနစ်အမျိုးမျိုးကြားတွင် ပျော်ရွှင်လွမ်းမောဖွယ် လူမှုဘဝများကိုသာမက နိုင်ငံတော်၏ အရေးပါသည့် အခန်းကဏ္ဏမှ နိုင်ငံ၏ ပကတိအခြေအနေများကို အနုပညာနှင့် ဖော်ပြတင်ဆက်နိုင်ခဲ့ခြင်းသည်လည်း နိုင်ငံနှင့် ပြည်သူအပေါ် မိမိတို့တက်ကြွမ်းတဲ့ အနုပညာနဲ့တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

မြန်မာ့ရုပ်ရှင်အနုပညာအနေဖြင့် ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းပေါ်တွင် ကြည်ကြည်လင် သန့်သန့်စင်စင်ဖြင့် ဖြတ်သန်းစီးဆင်းရင်း နိုင်ငံနှင့် ပြည်သူအပေါ် ဆက်လက်အကျိုးပြု ဖော်ဆောင်နိုင်စေရန်နှင့် တိုင်းပြည်၏ အနာဂတ်၊ ပြည်သူများ၏ အနာဂတ်ကို လှပစွာဝိုင်းဝန်း ကူညီဆောင်ရွ က်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ကိန်းအောင်းစေ‌ရေး၊ နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာအခန်းကဏ္ဏမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ပေးကြရန် တိုက်တွန်းခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အကူအညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ရုပ်ရှင်အနုပညာရှင်များမှလည်း ပြည်သူများကို ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ ယဥ်ကျေးမှုနှင့် ချစ်စဖွယ် မြန်မာ့ဓလေ့၊ မြန်မာ့စရိုက် မြန်မာ့ရေမြေတောတောင်အလှများကို ဖော်ညွှန်းပြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုရိုက်ကူးတင်ဆက်ပေးရန်နှင့် အမျိုးသားရေးနှင့်ယှဥ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်ထွန်းကားရေး ပြည်သူများအသိပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်အောင်မြင်စေရေးအတွက်လည်း ရိုက်ကူးတင်ဆက်ပေးရန်တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here