ကြို့ကုန်းအနောက်ရပ်ကွက် ၊ မီးရထားအိမ်ရာရှိ ကားဝပ်ရှော့တွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွား

0
289

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ကြို့ကုန်းအနောက်ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းအနီး၊ မီးရထား အိမ်ရာရှိ ကားဝပ်ရှော့တွင် Level 1 အဆင့်ရှိ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၃) ရက်၊ နေ့လယ် (၂)နာရီ (၄၁)မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ရေးယာဉ်များအပါအဝင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်နေရာသို့ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စုနှင့်အတူ လူမှုကူညီရေးအဖွဲ့များမှ အရေးပေါ် လူနာတင်ယာဉ်များဖြင့် သွားရောက်ကူညီပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား မြေပြင်ရှေးဦးပြုစုကူညီပေး၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နေ့လယ် (၂) နာရီ (၄၆) မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် (၂) နာရီ (၄၉) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှု အကြောင်းရင်း ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here