ယီမင်ရှိဟူသီသူပုန်တို့အား ကန် နှင့် ဗြိတိန် တို့ လေကြောင်းမှ တိုက်ခိုက်

0
213

ဝါရှင်တန်၊ဖေဖော်ဝါရီ ၄

အမေရိက နှင့်ဗြိတိန်တို့သည် ယီမင်ရှိဟူသီသူပုန်များ၏ ပစ်မှတ်နေရာ ၃၆ ခုအား လေကြောင်းမှ ပူးတွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ဩစတြေးလျ၊ဒိန်းမတ်၊ကနေဒါ၊ဘာရိန်း၊နယ်သာလန်၊အင်္ဂလန်၊နူးဇီလန်နှင့်အမေရိက တို့သည်  ယခုတိုက်ခိုက်မှုအပြင် ယီမင်၌ ဟူသီများအားဆန့်ကျင်သည့်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့သည်။

အထက်ဖော်ပြပါနိုင်ငံများ၏ ပူးပေါင်းကူညီမှုဖြင့် အမေရိကနှင့်အင်္ဂလန်တို့သည် ယီမင်ရှိဟူသီသူပုန်များ၏ ပစ်မှတ်နေရာ ၃၆ ခုအား တိတိကျကျတုန့်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး ယခုတိုက်ခိုက်မှုသည် ဟူသီဘက်မှဆက်လက်ပြုလုပ်လာနိုင်သည့် နောက်ဆက်တွဲတိုက်ခိုက်မှုများနှင့် ပင်လယ်နီအတွင်းသွားလာနေသည့် သင်္ဘောများအား ဟူသီတိုက်ခိုက်မှုအတွက် တုန့်ပြန်ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်၊၂၂ ရက်နှင့် ၂၇ ရက်နေ့ကပြုလုပ်ခဲ့သည့် ဟူသီတို့၏တိုက်ခိုက်မှုများအား တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့တိုက်ခိုက်မှုပြုလုပ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ဟူသီတို့၏လုပ်ရပ်များသည် နိုင်ငံတကာရေကြောင်းသွားလာရေးအတွက် အန္တရာယ်များပြီး မတည်မငြိမ်ဖြစ်စေသည်ဟုလည်းဖော်ပြခဲ့သည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here