(၄)လအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြား သား(၅၀,၀၀၀) ကျော် လွှဲပြောင်းပေးအပ်

0
155

ပြီးခဲ့သော၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်အထိ မြန်မာနိုင်ငံအတွင်း တ ရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် အရေ အတွက်မှာ ၅၀၀၀၀​ကျော် ဖြစ်သည်။

ဇန်နဝါရီ (၃၁)ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမိန့်ခွန်းတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြော ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွှဲပြောင်းပေးအပ်ရာ၌ တရုတ်နိုင်ငံသား (၄၈,၂၁၀) ဦးနှင့် အခြားနိုင်ငံခြားသား (၁,၈၁၀) ဦး၊ စုစုပေါင်း (၅၀,၀၂၀) ဦးတို့ကို ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်တွင်လည်း ရှမ်းပြည် န ယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ သုံးနေရာ တွင် ပန်ဆန်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ မိုင်းလားဒေသမှ ထွက်ပြေးတိမ်းရှောင်လာသည့် တရုတ်နိုင်ငံသား ကျား (၁,၀ ၀၂) ဦး၊ မ (၃၆)ဦး၊ စုစုပေါင်း (၁,၀၃၈) ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းကြောင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြ န်လည် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ဆိုသ ည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း နိုင်ငံ ခြားသားများ ယ ခုကဲ့သို့ တရားမဝင်ဝင်ရောက်နေထိုင်ခြင်းသည် ကျားဖျန့်ဟုခေါ်သည့် Online လိမ်လည်မှုများ လုပ်ကိုင်ရန် အဓိကဝင်ရောက်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here