ပြင်ဦးလွင်ဒေသသို့ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရန် လုပ်ဆောင်မည်

0
167

ပြင်ဦးလွင်ဒေသသို့ ပြည်ပခရီးသွားများ ပိုမိုသိရှိလာရောက် လည်ပတ်စေရန် တောတောင်ရေမြေ သဘာဝအလှအပများနှင့် ထူးခြားသည့်ဆွဲဆောင်မှုများကို ခရီးစဉ်များရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၏ ပြောကြားချက်အရ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ဖေဖေါ်ဝါရီ (၃) ရက်က ပြင်ဦးလွင်မြို့သို့ သွားကာ သက်ဆိုင်ရာ ဝာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ ပိုမိုသိရှိလာရောက်လည်ပတ်စေရန်အတွက် ပြင်ဦးလွင်ဒေသ ၏ တောတောင်ရေမြေ သဘာဝအလှအပများနှင့် ထူးခြားသည့် ဆွဲဆောင်မှုများကို ရိုက်ကူးထားသည့် ဓာတ်ပုံနှင့်ဗီဒီယိုများကို လူသိများသော မီဒီယာ Channel များ၊ Online မီဒီယာများမှတဆင့် မြှင့်တင်ကြော်ငြာခြင်း၊ ခရီးသွားအေဂျင်စီများနှင့် ပူးပေါင်း၍ ခရီးစဉ်များရေး ဆွဲဆောင်ရွက်ခြင်းစသည့် ခရီးစဉ်ဒေသမြှင့်တင်ရေး အစီအစဉ်များကိုဆောင် ရွက်သွားကြရန် ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် ဒုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၊ သီရိမြိုင်ဟိုတယ်နှင့် ဂန္ဓမာမြိုင်ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်များတွင် ပြည် တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ ဟိုတယ်ပရ ဝဏ်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေး၊ ဟိုတယ်အဆော က်အအုံများ နိုင်ငံတကာ အဆင့်မီကောင်းမွန်ပြီး အမြင်တင့် တယ်မှုရှိစေရေး၊ လာရောက်လ ည်ပတ်တည်းခို နေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်က င်းရှင်းရေး၊ လုံခြုံစိတ်ချရသော ဝန်ဆောင် မှုကောင်းများဖြစ်စေရေး ပြင်ဆင်ဆော င်ရွက်ထားရှိမှု အခြေအနေများကိုလည်း သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here