မြောက်ဒဂုံတွင် ယာဉ်နှစ်စီးတိုက်မိပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနှင့် အမျိုးသား(၁)ဦးတို့ ထိခိုက်ဒဏ်ရာရ

0
186

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်တွင် ယာဉ်နှစ်စီး မတော်တဆ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးနှင့် အမျိုးသား(၁)ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီ (၄)ရက်၊ ည (၁၀)နာရီ၊ မိနစ်(၂၀) အချိန်ခန့်က မြောက်ဒဂုံမြို့နယ် မင်းရဲကျော်စွာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် အိမ်စီးကား နှစ်စီး မတော်တဆ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်သည်အမျိုးသမီး(၁) ဦးနှင့် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရပြီး ဝန်းရံမှူးလူမှူကူညီရေးအသင်းမှ လူနာယာဉ်ဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး တံတားထိပ်မှတ်တိုင်အနီးတွင်လည်း ဖေဖော်ဝါရီ (၄)ရက် ည (၇)နာရီခွဲ အချိန်ခန့်က အငှားယာဉ်တစ်စီး လမ်းဘေးထိုးကျမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး မြောက်ဒဂုံ(၂၈)ရပ်ကွက် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here