NLD နာယက ဦးတင်ဦးအား ကျန်းမာရေး အခြေအနေအရ ဆေးရုံတင်ရ

0
180

NLD ပါတီနာယက ဖြစ်သူ သူရဦးတင်ဦးမှာ ကျန်းမာရေးချို့ယွင်းမှုကြောင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

“ရာသီအကူးအပြောင်းကြောင့် ရိုးရိုးအအေးပတ်ပြီးဖျားနာတဲ့ သဘောပါ။ နာစေးချောင်းဆိုး သဘောမျိုးပေါ့ဗျာ။ ရောဂါထွေထွေ ထူးထူးဖြစ်တာမျိုး မရှိပါဘူး” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သူရဦးတင်ဦးအား ကျန်းမာရေး အခြေနေအရ နေအိမ်မှ ရန်ကုန်ဆေးရုံသစ်သို့ ပို့ဆောင်ရန် သုခကာရီလူမှုကူညီရေးအသင်းမှအရေးပေါ်လူနာတင်ယာဥ်ဖြင့် ဖေဖော်ဝါရီ (၄) ရက် ညနေပိုင်းတွင် ကူညီပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူခဲ့သည့်အတွက် ယနေ့ ဖေဖော်ဝါရီ (၅)ရက် နံနက်ပိုင်းတွင် ပြန်လည် သက်သာလာပြီဖြစ်ကြောင်းလည်း မိသားစုဝင်များနှင့် နီးစပ်သူအချို့ထံမှ စုံစမ်း သိရသည်။

“ဆေးရုံသွားချင်လို့ ဆိုပြီး ဆက်သွယ်လာလို့ လိုက်ပို့ပေးလိုက်တာ။နောက်ပိုင်း ကိစ္စတွေတော့ မသိရသေးဘူး။ ထပ်ပြီးလည်း မဆက်သွယ်သေးပါဘူး” ဟု သုခကာရီလူမှုကူညီ‌ေရးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

NLD ပါတီ နာယကဖြစ်သူ သူရဦးတင်ဦးမှာ လေဖြန်းရောဂါဝေဒနာကို ခံစားနေရခြင်းဖြစ်ပြီး နေအိမ်တွင်သာ အနားယူနေခဲ့ရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here