နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း နိုင်ငံခြား​ငွေများဆက်တိုက်​ရောင်း​နေရ/ ယနေ့တွင်ယ​နေ့တွင်အမေရိကန်ဒေါ်လာ ၁၁ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေး

0
210

ယနေ့ ဖေဖေါ်ဝါရီ (၅) ရက် နံနက်ပိုင်းတွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိက န်ဒေါ်လာ ၁၁ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ကိုထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၄) ရက်မှစတင်ကာ နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်လာပြီး ယင်းနောက်ပိုင်းတွင်လည်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ် လာများ ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းလည်းဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ (၅) ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အမေရိကန်ဒေါ်လာ ၁၁ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။

ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ် လာငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းကို ထိန်းကျောင်းလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးနေသည့်အတွက် ငွေလဲနှုန်းအကျဘက်သို့ ဦးတည်လာကြောင်း သိရသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း နိုင်ငံခြား ငွေများကို (၈) ကြိမ်အထိ ထုတ်ရောင်းပေးခဲ့ပြီး၊ ယင်းအထဲတွင် အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၃၃ သန်း၊ ဒေါ်လာ ၄ သန်းနှင့် ညီမျှသည့် တရုတ်ယွမ်ကို SWAP Facility ပေးခြင်းနှင့် ယွမ်သီးသန့် ၄ ဒသမ ၂ သန်း၊ ထိုင်းဘတ် ၅၁၃ ဒသမ ၅ သန်းအထိ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here