လက်နက် ထောက်ပံ့မှု နှောင့်နှေးမှုကြောင့် ယူကရိန်း အာဏာပိုင်များက ရှေ့တန်းတွင် တုံ့ဆိုင်းနေခဲ့ကြောင်း ဝန်ခံ

0
165

လက်နက်ထောက်ပံ့မှုများ နှောင့်နှေးသဖြင့် ရှေ့တန်းစစ်မြေပြင်တွင် မိမိတို့ဖက်မှ ရပ်တန့်နေကြောင်းယူကရိန်း ခေါင်းဆောင်များ ဝန်ခံသည်။

“မြေပြင်အခြေအနေအရတော့ လက်နက်ထောက်ပံ့မှုမှာ နှောင့်နှေးမှုတွေရှိတာကြောင့် ကျွန်တော်တို့ဖက်က ရှေ့တန်း စစ်ဆင်ရေးတွေ ရပ်တန့် တုံ့ဆိုင်းနေတာဟာ သိသာထင်ရှားပြီး ဒါဟာ ဆုံးရှုံးမှု‌ေတွေကို ဖြစ်စေပါတယ်” ဟု ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးက အီတလီနိုင်ငံပိုင် RAI ရုပ်သံလိုင်းနှင့် ပထမဆုံး အင်တာဗျူးတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ယူကရိန်း၏ ပင်လယ်ပြင် စစ်ဆင်ရေးများမှာမူ တိုးတက်မှုရှိကြောင်း ဇလန်းစကီးက အပြုသဘောဖြင့် အကဲဖြတ်ခဲ့ပြီး ယူကရိန်းသည် ခဲယမ်းများသာမက ခေတ်မီ စစ်လက်နက်ပစ္စည်းများလည်း လိုအပ်နေကြောင်း မှတ်ချက်ပြုခဲ့သည်။

ဗလာဒီမာ ဇလန်းစကီးသည် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာဌာနများတွင်သာမက တိုင်းပြည်၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းအားလုံးကိုပါ အသစ်လဲလှယ်၍ သွေးသစ်လောင်းရန် လိုအပ်သည်ဟုလည်း ယူဆသည်။

အီတလီနိုင်ငံပိုင် RAI ရုပ်သံလိုင်း နှင့် ပထမဆုံး အင်တာဗျူးတွင် ယူကရိန်း စစ်ဦးစီးချုပ် Valery Zaluzhny ရာထူးမှ နုတ်ထွက်ရန် ရှိ/မရှိ မေးခွန်းကို ဖြေကြားရာတွင် “ကျွန်ုပ်တို့သည် ပြန်လည်သတ်မှတ်ခြင်းနှင့် အသစ်ပြန်လည်စတင်ခြင်း လိုအပ်ပါသည်။ ဤကိစ္စသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက်သာလျှင် ရည်ညွှန်းဆိုလိုခြင်း မဟုတ်ဘဲ အရပ်ဖက်စီမံခန့်ခွဲသူများသာမက စစ်ဘက်ဆိုင်ရာကဏ္ဍအတွက်ပါ စိုးရိမ်စရာဖြစ်နေကြောင်း ရည်ညွှန်းခြင်းဖြစ်သည်” ဟု ဇလန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here