ညောင်ဦးတွင် အိမ်သာကျင်းတူးရာမှ အမျိုးသားတစ်ဦး  အောက်စီဂျင်ပြတ်ပြီး အသက်ဆုံးရှုံး

0
121

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်သာကျင်းသစ်တူးဖော်ရာမှ အမျိုးသားတစ်ဦး အောက်စီဂျင် ပြတ်တောက်ကာ အသက်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၅) ရက်၊ နေ့လယ် (၂)နာရီ (၂၂)မိနစ် အချိန်ခန့်က ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ် တစ်အိမ်တွင် အမျိုးသား (၂)ဦး အိမ်သာကျင်းသစ်တူးဖော်နေစဉ် ကျင်းဟောင်းဘက် အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားသောကြောင့် အပေါ်သို့ မတတ်နိုင်ဘဲ အောက်စီဂျ င်ပြတ်တောက်နေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အပေါ်တွင်ရှိသော အမျိုးသား (၁)ဦးမှ ဆင်းကူဆယ်ရာ စုစုပေါင်း (၃)ဦး နစ်နေကြောင်း သတင်းအရ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အထောက် အ ကူပြုယာဉ်(၁)စီး၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရကြော င်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား (၂)ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား(၁)ဦးမှာ အသက်ဆုံးရှုံးခဲ့ရသောကြောင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here