ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ပုံထားသည့်နံရံပြားများပြိုကျသဖြင့် မြန်မာလုပ်သားတစ်ဦးသေဆုံး

0
208

ဘန်ကောက်၊ဖေဖော်ဝါရီ ၅

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ နံရံပြားများပြိုကျမှုကြောင့် မြန်မာလုပ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

လုပ်ငန်းခွင်မတော်တဆမှုကြောင့်သေဆုံးသွားသူသည် အသက် ၂၅ နှစ်အရွယ်ရှိ အေးမြတ်သူ ဟုခေါ်ဆိုသည့် မြန်မာလုပ်သားတစ်ဦးဖြစ်ကာ ၎င်းသည် နေမကောင်းသဖြင့် အလုပ်ခွင့်ယူကာအိမ်ပြန်ခွင့်တောင်းခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

ယင်းနောက် ခွင့်ပြုချက်ရသဖြင့် ခြေလက်သန့်စင်ဆေးကြောရန် ထွက်သွားပြီးနောက် ၎င်းသည် ခြေလက်ဆေးသည့်နေရာအနီး၌ထပ်ထားသည့် နံရံပြားအပုံကို အားပြုလက်ထောက်လိုက်မိရာမှ ၎င်းအပေါ် ပြိုကျလာနိုင်ခြင်းမျိုးဖြစ်သည်ဟုသုံးသပ်ကြသည်။

အဆိုပါနံရံပြားများသည် တစ်ချပ်လျှင် ၁၀၀ ကီလိုဂရမ်အလေးချိန်ရှိပြီး အခင်းဖြစ်ချိန်၌ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် လေးပြားခန့်ပိမိနေသည်ဟုလည်းဖော်ပြထားသည်။ အခင်းဖြစ်ပြီးပြီးချင်းပင် ၎င်းအား ဆေးရုံသို့ပို့ဆောင်ကုသစေခဲ့သော်လည်း ရရှိဒဏ်ရာများကြောင့် သေဆုံးသွားကြောင်းသိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source : ဖူးခက်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here