ပြည်ပပို့ကုန်ပဲများ ဈေးဆက်တိုက်တက်နေပြီး ဧပြီလအထိ တက်နိုင်ချေရှိ

0
163

ပြည်ပပို့ကုန် ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ (နီ)၊ ပဲတီစိမ်းနှင့် မြေထောက်ပဲတို့ ဝယ်လိုအားကောင်းလာမှုကြောင့် ယခုရက်ပိုင်းအတွင်း ဈေးဆက်တိုက် မြင့်တက်လာနေကြောင်း ပဲ/နှမ်း ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။

အိန္ဒိယနှင့် တရုတ်ဝယ်လက်များ၏ ဝယ်လိုအားကောင်းလာမှုကြောင့် ဈေးမြင့်တာလာရခြင်းဖြစ်ကြောင်း မန္တလေးကုန် စည်ဒိုင်မှ သိရသည်။

မန္တလေးကုန်စည်ဒိုင်တွင် မတ်ပဲတစ်တန် ၃၃ သိန်းကျော် ရှိကာ ယခင်လထက်  ၅ သိန်းခန့် ဈေးတက်လာပြီး ပဲစင်းငုံ(နီ) တစ်တန်လျင်လည်း  ၄၁ သိန်းနီးပါးကပ်လာကာ ယခင်လထက်  ၉ သိန်းခန့် မြင့်တက်လာကြောင်း ကုန်စည်ဒိုင် ဈေး နှုန်းများအရ သိရသည်။

“အိန္ဒိယဘက်က ဒီနှစ်မှာ ပဲတန်ချိန်အမြောက်အများ ဝယ်ယူမယ်လို့ သတင်းတွေထွက်နေတာ။ အဲဒါကြောင့် ကုန်သည်တွေက ကြိုပြီးဝယ်လှောင်ကြတော့ ဈေးက အတတ်ဘက်ကို ဦးတည်နေတာ”ဟု ပဲ/နှမ်းကုန်သည်တစ်ဦးက ပြောသ ည်။

ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ ပဲအထွက်နှုန်းလျော့ကျလာမှုကြောင့် ပြည်တွင်းမှ ပဲဝယ်လိုအားမြင့်တက်လာခြင်းဖြစ်ပြီး တဖက်မှာလည်း ယခုလအတွင်း သင်္ဘောတင်များ ဆက်တို က်ရှိနေကြောင်း ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသ င်းမှ သိရသည်။

“ဖေဖော်ဝါရီလမှာ တင်ပို့တဲ့ ပဲတွေဆိုရင် ဒီဇင်ဘာလမှာက တည်းက မြန်မာကုန်သည်တွေနဲ့ အိန္ဒိယကုန်သည်တွေ ကြိုပြီး အရောင်းအဝယ်လုပ်ထားပြီးသား ပဲတွေကို ပို့နေတဲ့ အ ခြေအနေပါ”ဟု ပဲ/နှမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိန္ဒိယ နိုင်ငံအနေဖြင့် မတ်ပဲနှင့် ပဲစင်းငုံ အကန့်အသတ်မရှိ တင်သွင်းခွင့်ကာလကို လာမည့် ၂၀၂၅ ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးမြှင့်ပေးထားပြီး  ဧပြီလထိ ပဲဈေးနှုန်းဆ က်တိုက်မြင့်တက်နိုင်ကြောင်း ပဲ/နှမ်းကုန်သည် အသိုင်းအဝိုင်းမှ သုံးသပ်ထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here