ကြက်သွန်နီဈေးကွက် ဈေးကျနေပြီး ပြည်တွင်း၊ ပြည်ပအဝယ်အေးနေဟုဆို

0
159

လက်ရှိကြက်သွန်နီဈေးနှုန်းသည် ကျနေပြီးပြည်တွင်း၊ပြည်ပအဝယ်အေးနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

” ကြက်သွန်ကတော့ အေးတယ်။ အရင်ကဆို ဘုရင့်နောင်ကုန်စည်ဒိုင်ကို တနေ့အစီးရေ (၁၂) စီးလောက်ဝင်တယ်။ အခုဆို သိပ်မသွားဘူး။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့်လည်း ပါမယ်ထင်တယ်။ အရင်ကဆို ဘင်္ဂလားဒေ့ရှ်က ကုန်သည်တွေ ကိုယ်တိုင် လာဆင်းဝယ်တယ်။ အခုသူတို့တောင် သိပ်မလာဘူး။ ပြည်ပတင်ပို့တဲ့ အခါမှာလည်း လမ်းပိုင်းတွေက မလွယ်ကူဘူး”ဟု ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံထွက် ကြက်သွန်နီကို တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့က ဝယ်ယူနေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများထံ ကြက်သွန်နီတန်ချိန် (၁) သိန်းကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။‌

ယခင်က ကြက်သွန်နီ တစ်ပိဿာ ကုန်စည်ဒိုင်စျေး ကျပ် ၃၈၀၀ ရှိပြီး ယခုတွင် တစ်ပိဿာ ၃၅၀၀ ကျပ် အထိသာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စို က်ပျိုးပြီး နှစ်စဉ် တန်ချိန် တသန်းကျော် ထွက်ရှိကာ ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်ကို တန်ချိန် တသိန်းဝန်းကျင်သာရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here