မြန်မာဖက်ရှိ တရားမဝင် လောင်းကစားလုပ်ငန်းတွေမှာ ခိုင်းစေခံနေရတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးကို လွှဲပြောင်းပေးဖို့ရှိဟု ဆို

0
160

ကရင်ပြည်နယ် မြဝတီခရိုင်ရှိ ကာစီနိုလုပ်ငန်းတွေမှာ ခိုင်းစေခံနေရတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာအာဏာပိုင်တွေက ကယ်တင်ပေးခဲ့ကာ ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၇) မှာ ထိုင်းနိုင်ငံကို ပြန်ပို့ဖို့ရှိတယ်လို့ သိရပါတယ်။

လုပ်ခလစာ မြင့်မြင့်မားမားပေးမယ်ဆိုတဲ့ ကတိနဲ့ သွေးဆောင်စည်းရုံးခံရပေမယ့် လက်တွေ့မှာတော့ မဖြစ်စလောက်လစာ သို့မဟုတ် လစာပေးချေခြင်းမရှိဘဲ အဓမ္မအလုပ်ခိုင်းစေခံကြရတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦး ပြည်တော်ပြန်ရေး အဆင်ပြေချောမွေ့စေဖို့ရာ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ မြို့နယ် နယ်ခြားကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ယင်း နေရာတွေမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် အခြားနိုင်ငံသားတွေလည်း လုပ်ကိုင်နေကြမှုရှိပြီး အများစုက တရုတ်ရာဇဝတ်ဂိုဏ်းတွေ စီမံလုပ်ကိုင်တွယ်တဲ့ call centre တွေ ဒါမမှဟုတ် တရားမဝင်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ ထိုင်းနိုင်ငံသားတွေကို တာ့ခ်ပြည်နယ် မဲဆောက်၊ မဲ့ရာမတ်ခရိုင်တွေနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Yatai တရုတ်အထူးစီးပွားရေးဇုန်တစ်ခုသို့ ပို့ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Source:thai PBS world


LEAVE A REPLY

Please enter your comment!
Please enter your name here