မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး အသက်ဆုံးရှုံး

0
111

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ ရှိ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် အိမ်စီးကားနှင့် တွဲကားတိုက်မိရာမှ ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ (၆) ရက်၊ နံနက် (၂)နာရီ၊ (၄၄)မိနစ်အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊သင်္ဃန်းကျွန်းကြီး ကျေး ရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသ ည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါအမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ရုပ်အလောင်းအား  ထာဝရအလင်းတန်း လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here