အခြေခံပညာတန်းများ၏ အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီ (၁၃) ရက်တွင်စတင်မည်

0
200

၂၀၂၃ -၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ (၁၃) ရက်တွင် စတင်မည်ဖြစ်သည်။

ယင်းကဲ့သို့ ဖြေဆိုရာတွင် အခြေခံပညာ မူလတန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း (Grade-5) စာမေးပွဲကို ဖေဖေါ်ဝါရီ (၂၂) ရက်မှ ဖေဖေါ်ဝါရီ (၂၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို ဖေဖော်ဝါရီ (၂၂) ရက်မှ ဖေဖေါ်ဝါရီ (၂၈)ရက် အတွင်းကျင်းပသွားမည်ဖြစ်ကြော င်း သိရသည်။

ထို့အပြင် ကျန်းအတန်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖေါ်ဝါရီ (၁၃) ရက်တွင် စတင်ဖြေဆိုရမည်ဖြစ် ကြောင်းလည်း ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာဦးစီး ဌာနမှ သိရသည်။

အလားတူ အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို လာမည့် မတ်လတွင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားရန်လည်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here