အာကာသတွင်း အကြာဆုံးနေထိုင်မှု ရုရှားအာကာသယာဉ်မှူး စံချိန်သစ်တင်

0
180

ရုရှားအာကာသယာဉ်မှူး အိုလက်ဂ် ကိုနိုနန်ကိုသည် လက်ရှိအချိန်အထိ အာကာသတွင်း ၈၇၉ ရက် ဆက်တိုက်နေထိုင်ပြီးဖြစ်သလို ဆက်လက်နေထိုင်ဦးမည်ဖြစ်သဖြင့် ယခင် ရုရှားအာကာသယာဉ်မှူး ဂျန်နဒီ ပက်ဒယ်လ်ကာ အကြာဆုံးနေထိုင်ခဲ့သည့် ၈၇၈ ရက် ၁၁ နာရီခွဲ စံချိန်ကိုချိုးကာ စံချိန်သစ်တင်သွားပြီဖြစ်သည်။

အိုလဂ် ကိုနိုနန်တိုသည် လာမည့် ဇွန်လ ၅ ရက်တွင် အာကာသတွင်း ဆက်တိုက်နေထိုင်သည့် ရက်ပေါင်း ၁၀၀၀ ပြည့်မည်ဖြစ်ကာ၊ စက်တင်ဘာ ၂၃ ရက်မှသာလျှင်ဖြစ်သဖြင့် အာကာသတွင်း ဆက်တိုက်နေထိုင်သည့် ရက် စုစုပေါင်း ၁၁၁၀ ရှိလာမည်ဖြစ်ကြောင်း ရုရှားအာကာသအေဂျင်စီ Rcosmos က တယ်လီဂရမ်ချယ်နယ်တွင် ရေးသားထားသည်။

အာကာသတွင်း ဆက်တိုက်နေထိုင်သည့် ရက်အများဆုံးဖြင့် စံချိန်တင်ထားသည့် အမေရိကန် အာကာသယာဉ်မှူးမှာ ဖရန့်ရူဘီယို ဖြစ်ပြီး၊ အာကာသတွင်း ဆက်တိုက်နေထိုင်သည့် ရက်ပေါင်း ၃၇၁ရက် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here