ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအောက်ရှိ ပြတိုက်များမှ ပြတိုက်ဝင်ကြေး စုစုပေါင်းငွေကျပ် (၉၇ ဒသမ ၆၄၆) သန်းရရှိခဲ့

0
202

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလ (၁၅) ရက်အထိ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ ပြတိုက်များမှ ပြတိုက်ဝင်ကြေး စုစုပေါင်းငွေကျပ် (၉၇ ဒ သမ ၆၄၆) သန်းရရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အမျိုးသာပြတိုက်(နေပြည်တော်)၊ အမျိုးသာပြတိုက်(ရန်ကုန်)၊ အမျိုးသားပြတိုက်(ပုဂံ)၊ အမျိုးသားပြတိုက် (မန္တလေး) တို့မှ အများဆုံး ရရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတတစ်ဝန်း၌ ယဉ်ကျေးမှု ပြတိုက်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် စုစုပေါင်း (၂၄) ခုရှိကြောင်း သိရသည်။

အဆိုပါ ပြတိုက်များအနက် အမျိုးသားပြတိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက် (နေပြည်တော်)၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်တို့တွင် ယခင်က ဝင်ကြေးအနေဖြင့် နိုင်ငံခြား သားတစ်ဦးလျှင် ငါးထောင်ကျပ် နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ငါးရာကျပ်နှုန်း ကောက်ခံခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် တစ်ထောင်ကျပ်ဖြစ်ပြီး နိုင်ငံခြားသားတစ်ဦးလျှင် တစ်သောင်းကျပ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်မှစ၍ ပြောင်းလဲကော က်ခံနေခြင်းဖြစ်သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနလ က်အောက်ရှိ ပြတိုက်များတွင် ရဟန်း၊ သီလရှင်၊ ကျောင်း သား/ကျောင်းသူများနှင့် အသက် (၁၂)အောက် ကလေးငယ်များကို ဝင်ကြေးအခမဲ့သတ်မှတ်ထားကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here