ပြည်ထောင်စုနေ့ အခမ်းအနား အစမ်းလေ့ကျင့်သည့် နေ့နှင့် အခမ်းအနား ကျင်းပစဉ် (၂)ရက်တာအတွင်း ပြည်လမ်းကို ခေတ္တပိတ်ထားမည်

0
230

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော် ဝါရီ (၁၀)ရက်တွင် အစမ်းလေ့ကျင့်မည်ဖြစ်ပြီး ဖေဖော်ဝါရီ (၁၂)ရက် နေ့လယ် (၂)နာရီ အခမ်းအနား ပြီးဆုံးသည်အထိ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ရာ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်သွားလာသော ယာဉ်များအနေဖြင့် မြေနီကုန်း မီးပွိုင့်တွင် ညာဘက်သို့ ချိုးကွေ့၍ အောက်ကြည်မြင်တိုင်လမ်းသို့လ ည်းကောင်း၊  ပြည်လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်သွားလာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာလ မ်းဘက်သို့ ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှတဆင့် အော က်ကြည်မြင်တိုင်လမ်းသို့ ဆက်လက်မောင်းနှင်ကြရန် အ သိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here