ဇန်နဝါရီလအတွင်း ကိုရီးယားသို့ မြန်မာ့လုပ်သား (၃၀၀) ကျော် စေလွှတ်ခဲ့

0
108

ဇန်နဝါရီလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA)မှတဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၃ဝဝ ကျော်စေလွှတ်ခဲ့ကြောင်း ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စာရင်းများအရ သိရသည်။

ကိုရီးယား သမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှတဆင့် EPS စနစ်ဖြင့် ဇန်နဝါရီ (၁၀) ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၁၅၁) ဦးနှင့် ဇန်နဝါရီ (၃၁) ရ က်တွင်ကုန်ထုတ်လုပ်သားသစ် ၁၅၂ ဦးကို  စေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ် ဇန်နဝါရီလ အတွင်း ကိုရီးယားသမ္မတ နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာအလုပ်သမားစုစုပေါင်း (၃ဝ၃) ဦး စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး ဆိုးလ်မြို့မှ အလု ပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလို က်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here