ပိုင်နက်နယ်မြေကို ထိပါးလာလျှင် အမေရိက ကိုတုန့်ပြန်ရန် တုန့်ဆိုင်းနေမည်မဟုတ်ဟု အီရန်ဆို

0
159

တေရန်၊ဖေဖော်ဝါရီ ၆

ပိုင်နက်နယ်မြေအားထိပါးလာပါက အမေရိကကိုတုန့်ပြန်ရန် ချီတုံ ချတုံ ဖြစ်နေမည်မဟုတ်ဟု အီရန်ဘက်ကပြောကြားခဲ့ကြောင်းသိရသည်။

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်က အီရတ်နှင့်ဆီးရီးယားရှိ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့များကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိက က ဆက်လက်ဖိအားပေးမည်ဖြစ်ကြောင်းလည်း တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

အမေရိက အနေဖြင့် အီရန်အား တိုက်ရိုက်တိုက်ခိုက်နိုင်ခြေရှိမရှိမေးမြန်းသောအခါ မစ္စတာဆူလဗန်က ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဘဲ  အီရန်ဘက်မှ အမေရိက သို့တိုက်ရိုက်စတင်တိုက်ခိုက်လာမှသာ လျင်မြန်ထိရောက်အားပြင်းသည့်တုန့်ပြန်မှုမျိုးရလိမ့်မည်ဟုဆိုခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကမူ အီရန် ၏ လုံခြုံရေး၊နယ်မြေ တည်တံ့ ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကိုထိပါးလာသည့် ခြိမ်းခြောက်မှုမှန်သမျှအား ပြတ်ပြတ်သားသားတုန့်ပြန်တတ်ကြောင်းကို ပြသခဲ့ပြီးဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ဒေသတွင်းတင်းမာမှုများသည် အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သည့် အစ္စရေး – ဟားမတ်စ်အရေးမှစကာ အီရတ်၊ဆီးရီးယား၊ယီမင်နှင့် လက်ဘနွန်ရှိ အီရန်နောက်ခံပြုအဖွဲ့များအထိပါ ပျံ့နှံ့သွားခဲ့ခြင်းလည်းဖြစ်သည်။

တနင်္ဂနွေနေ့ကလည်း အမေရိကသည် ယီမင်သို့ ဒုံးကျည်ငါးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းဆိုခဲ့သည်။အမေရိကန်စစ်သားသုံးဦးသေဆုံးခဲ့ရသည့် ဂျော်ဒန်အခြေစိုက်စခန်းသို့ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအား လက်တုန့်ပြန်သည့်အနေဖြင့်လည်း ဆီးရီးယားနှင့်အီရတ်ရှိ ပစ်မှတ်များကိုပါ သောကြာနီင့်စနေနေ့များကတိုက်ခိုက်ခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

အစ္စလာမ်သမ္မတနိုင်ငံများကမူ ယီမင်၊ဆီးရီးယားနှင့်အီရတ်ရှိ အမေရိက၏တိုက်ခိုက်မှုများအား ရှုံ့ချခဲ့ကြသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း အီရန်နောက်ခံပြုစစ်သွေးကြွများ၏ ဂျော်ဒန်အခြေစိုက်အ‌မေရိကန်စစ်စခန်းအားတိုက်ခိုက်ခဲ့မှုကို ရှုံ့ချခဲ့သော်လည်း အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခပိုမကြီးထွားလာစေခြင်ကြောင်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here