ကင်ဆာရောဂါခံစားနေရသော တတိယမြောက် ချားလ်စ်ဘုရင်၏ တာဝန်အချို့ကို မင်းသားဝီလျံ ထမ်းဆောင်မည်

0
274

ဗြိတိန်ထီးနန်းဆက်ခံသူ ဝေလ မင်းသားဝီလျံသည် ကင်ဆာရောဂါခံစားနေရသော ၎င်း၏ဖခင် တတိယမြောက် ချားလ်စ်ဘုရင်၏ တာဝန်အချို့ကို လွှဲပြောင်းရယူတော့မည်ဖြစ်ကြောင်း The Times of London သတင်းစာက ဖော်ပြခဲ့သည်။

သတင်းစာ၏ အဆိုအရ မင်းသားဝီလျံသည် ဝမ်းဗိုက်ခွဲစိတ်ကုသမှုခံယူထားရသော ၎င်း၏ဇနီး ဝေလမင်းသမီး ကိတ်ကို ပြုစုစောင့်ရှောက်ရန်အတွက် “အားလပ်ရက်” ခေတ္တအနားယူရန် ရည်ရွယ်ထားသော်လည်း ယခုအခါတွင်မူ ဖခင်ခံစားနေရသော ရောဂါဝေဒနာတို့ကြောင့် စီစဉ်ထားသည်ထက် စောပြီး ဖခင်ဖြစ်သူ တတိယမြောက် ချားလ်စ်ဘုရင်၏ တာဝန်အချို့ကို ပြန်လည်ထမ်းဆောင်တော့မည်ဖြစ်သည်။

ဘုရင်သည် ပြင်ပလူနာ ကုသမှုခံယူနေစဉ်အတွင်း ပြည်သူ့တာဝန်များကို ရှောင်ကြဉ်ရန် ဆရာဝန်များက အကြံပြုထားကြောင်း ဘာကင်ဟမ်နန်းတော်က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဘုရင်မင်းမြတ်၏ တာဝန်များအနက် လွှတ်တော်မှ အတည်ပြုသော ဥပဒေများကို လက်မှတ်ရေးထိုး၍ ထပ်ဆင့်အတည်ပြုပေးခြင်းလည်း ပါဝင်သည်

မိဖုရားဖြစ်သူ ကမ်မီလာသည် ၎င်း၏ခင်ပွန်းသည် ဆေးကုသမှုခံယူနေချိန်တွင် အများသူငှာ တွေ့ဆုံပွဲအစီအစဉ်များကို ပြောင်းလဲရန် အစီအစဉ်မရှိကြောင်း ဘက်ကင်ဟမ်နန်းတော်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here