အိုမန်နှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်များ ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို သက်ဆိုင်ရာ နိုင်ငံတာဝန်ရှိသူ များထံ အသီးသီးပေးအပ်

0
191

အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတထံသို့ မြန်မာသံအမတ်များက ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အိုမန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးထံသို့ အိုမန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုမှ ၎င်း၏ သံအမတ်ခန့်အပ်လွှာ ကို ဖေဖော်ဝါရီ (၄) ရက်တွင် ပေးအပ်ခဲ့ပြီး လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုမှ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ သမ္မတထံသို့ ဖေဖော်ဝါရီ (၅)ရက်တွင် ၎င်း၏သံအမတ်ခန့်အပ်လွှာအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အိုမန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံအခြေစိုက် သံအမတ်ကြီး ဦးတင်ယုမှ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို အိုမန်နိုင်ငံခြားရေးဝန်ကြီး H.E. Sayyid Badr Albusaidi ကိုယ်စား ဒုတိယဝန်ကြီး H.E. Khalifabin Alibin Issa Al Harthy ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး အစဉ်အလာကောင်းရှိသည့် နိုင်ငံများ ဖြစ်သည့် အားလျော်စွာ တည်ရှိပြီးချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့်တည် ဆောက်သွားရေးနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ထို့အပြင် ASEAN-GCC မူဘောင်အတွင်းမှ ဆက်ဆံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် အပြန်အလှန် ထောက်ခံမှုပေးနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သံအမတ်ကြီး ဦးတင်ယုသည် သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ပေးအပ်ခြင်း မပြုမီ အိုမန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဌာန ဒုတိယအကြီးအကဲ H.E. Amb. Dr. Moha mad Ali Albalushi၊ Asia Office ညွှန်ကြားရေးမှူး Amb. Hamood Nasser Al Nahdi တို့နှင့် တွေ့ဆုံ၍ မြန်မာ-အိုမန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြောင်း သိရသ ည်။

အလားတူ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း နှစ်ဖက်အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသ ည်။

ထို့အပြင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်ကိုမှလည်း ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ဖေဖော်ဝါရီ (၅) ရက်က လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ အမျိုးသားလွှတ်တော်၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ သောင်းလွန်းစီဆိုလစ်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here