သန်လျင်နှင့် မြိတ်မြို့နယ်တို့တွင် ငွေကျပ် (၇၈၉၈) သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
161

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့တွင် အမျိုးသား (၆)ဦးထံမှ ငွေကျပ် (၇၈၉၈) သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ (၄)ရက် ည (၆)နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာတွင် ဝင်းကိုအား စိတ်ကြွရူးသွပ်ဆေးပြား ၁၈၉၈၀၀ ပြား ၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈၉၈ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး ၊ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ (၃) ရက် ည နေ (၃)နာရီခွဲ အချိန်ခန့်က မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ ကုန်းဖောက်ရပ်ကွက်တွင် အေးဝင်း မောင်းနှင်ပြီး မျိုးဝင်း လိုက်ပါလာသည့် HYUND AIKMFPA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ် ဆေးရှာဖွေခဲ့ကြောင်း သိရသည်။ 

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား၊ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၀၀၀ နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ (၄)နာရီခွဲအချိန်တွင် အဆိုပါ စိတ် ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ခြူးကိုကိုအား မြိတ်မြို့၊ ကျောက်ဖြူတောင်လမ်းဆုံတွ င် လက်ကိုင်ဖုန်း (၁) လုံးနှင့် လည်းကောင်း၊ ညနေ (၅)နာရီ (၁၅)မိနစ် အချိန်တွင် သက်လှိုင်စိုးအား မြိတ်မြို့၊ ကမ္ဘာလုံးဘုရားအနီးတွင် လက်ကိုင်ဖုန်း (၁) လုံးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ(၄) ရက် နံနက် (၁၁)နာရီ (၁၅)မိနစ်အချိန်တွင် ကျော်ဆွေအား မြိတ်မြို့နယ်၊ ရွှေပေးကျေးရွာတွင် လက် ကိုင်ဖုန်း (၂) လုံးနှင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အေးဝင်း(၄၃)နှစ်၊ မျိုးဝင်း(၄၄)နှစ်၊ ခြူးကိုကို (၃၁)နှစ်၊ သက်လှိုင်စိုး (၄၃) နှစ်၊ ကျော်ဆွေ(၆၆)နှစ်နှင့် ဝင်းကို (၃၁)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here