နေပြည်တော်ကောင်စီဝင်နှင့် မကွေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်မှုများ ပြုလုပ်

0
183

နိုင်ငံတော် စီမံအုပ်ချုပ်ရေ ကောင်စီက အမိန့်အမှတ် ၁၈/၂ ၀၂၄ ဖြင့် နေပြည်တော်ကောင်စီဝင်တစ်ဦးနှင့် မကွေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို အစားထိုး ပြောင်းလဲခန့်အပ်မှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။

ယင်းအမိန့်အရ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်အစား ဗိုလ်မှူးကြီးမျိုးဝင်းကို ပြောင်းလဲခန့်အပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းအစား ဗိုလ်မှူးကြီး မိုးမင်းသိန်းကို ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အစားထိုး ခန့်အပ်ခြင်းများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကောင်စီအတွ င်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here