ထိုင်းအစိုးရက ဆေးခြောက်ကို အပန်းဖြေရန်သုံးစွဲမှုအားတားမြစ်မည်

0
140

ဘန်ကောက်၊ဖေဖော်ဝါရီ ၆

ထိုင်းအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်က ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းမှ ပယ်ဖျက်ခဲ့သည်။ ယခုအခါ၌မူ အပမ်းဖြေရန် ဆေးခြောက်သုံးစွဲမှုအား တားမြစ်မည့် ဥပဒေမူကြမ်းတစ်ရပ်ကို အရေးပေါ်အဆိုပြုခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ်၊ယခင်အစိုးရလက်ထက်တွင် ဆေးခြောက်အား မူးယစ်ဆေးဝါးစာရင်းမှဖယ်ရှားခဲ့သောကြောင့် နိုင်ငံတဝန်း အထူးသဖြင့် ဘန်ကောက်တွင် ဆေးခြောက်ရောင်းသည့်ဆေးဆိုင်များ ရာနှင့်ချီပေါ်ပေါက်လာခဲ့သဖြင့်  တင်းကျပ်သောဥပဒေများ ကို သတ်မှတ်ပြဌာန်းရန်လည်းလိုအပ်ကြောင်း ဝေဖန်သူများကပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်၊အင်္ဂါနေ့တွင်မူ နိုင်ငံတော်၏ကျန်းမာရေး၀န်ကြီးသည် ဆေးခြောက်ကိုအပန်းဖြေစရာအဖြစ်အသုံးပြုခြင်းအား တားမြစ်သည့်ဥပဒေအသစ်ကို လာမည့်အပတ်တွင်အစိုးရအဖွဲ့အစည်းအဝေးသို့တင်သွင်းမည်ဟုလည်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဆရီသာသာဗီဆင်ကလည်း ဆေးခြောက်အား အပန်းဖြေစရာအဖြစ်အသုံးပြုခြင်းကို ရပ်ဆိုင်းသင့်ပြီး ဆေးဘက်ဆိုင်ရာကုသမှု၌သာအသုံးပြုသင့်သည်ဟုလည်းဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here