လှိုင်သာယာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ဥယျာဉ်လမ်း တွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွား

0
136

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၂၀) ရ ပ်ကွက်၊ ဥယျာဉ်လမ်းရှိ လူနေအိမ်အချို့ မီးလောင်မှုဖြစ်ပွား ရာ Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သည်။

ယမန်နေ့ ဖေဖော်ဝါရီ (၆)ရက်၊ ည (၁၁)နာရီ (၅၂)မိနစ်အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ ဥယျာဉ်လမ်းတွင် မီးလောင်ကျွ မ်းမှု ဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသ တ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး ကနဦး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ည(၁၁)နာရီ (၅၈)မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး (၁၂)နာရီ (၁၀)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နံနက်(၁၂)နာရီ (၁၅)မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေနေများကို မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝန်း ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်ပျမ်းမျှ မီးလောင်မှု အကြိမ်ရေ ၁၈၀၀ ကျော်ခန့်ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုးမှု ခန့်မှန်း တန်ဖိုးအနေဖြင့် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here