စစ်ကိုင်းတိုင်းတွင် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းဧက ၁ သိန်း ၆ သောင်းကျော် စိုက်ပျိုးပြီးစီး

0
193

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် (၁၄)ခရိုင်တွင် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် စိုက်ခင်း ၁၆၄၃၁၂ ဧက စိုက်ပျိုးပြီးစီးကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

“ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချကြတဲ့အတွက် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ တိုးတက်ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုကို လျာထား ချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ဖို့အပြင် စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှုကို ကာကွယ်ဖို့နဲ့ စားသုံးသူတွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့အတွက် နည်းပညာတွေနဲ့ တခြားပံ့ပိုးမှုတွေကို မိမိတို့ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှာရှိတဲ့ ဝန်ထမ်းများက ဆောင်ရွက်ပေးလျှက် ရှိပါတယ်” ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

တိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အပါဝင် ခရိုင်(၁၄)ခရိုင်တွင် ဟင်းသီးဟင်းရွက် ၁၅၀၀ ၀၀ ဧက စိုက်ပျိုးရန် လျာထားကာ နာဂဒေသတွင် ၁၅၅၉ ဧက၊ စစ်ကိုင်းခရိုင်တွင် ၂၁၀၅၅ ဧက၊ မုံရွာခရိုင်တွင် ၂၀၈ ၁၄ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၉၂၁၅ ဧက၊ ရွှေဘိုခရိုင်တွင်၂၄၀၂၉ ဧက၊ ကန့်ဘလူခရိုင်တွင် ၈၄၉၁ ဧက၊ ကသာခရိုင်တွင် ၁၈၅၄၆ ဧက၊ ကောလင်းခရိုင်တွင် ၄၅၂၄ ဧက၊ ကလေးခရိုင်တွင် ၁၆၆၈၄ ဧက၊ တမူးခရိုင်တွင် ၆၇၀၄ ဧက၊ ဟုမ္မလင်းခရိုင်တွင် ၃၉၁၁ ဧက၊ မော်လိုက်ခရိုင်တွင် ၆၅၃၉ ဧကနှင့် ရေဦးခရိုင်တွင် ၁၀၉၈၁ ဧက စုစုပေါင်း ၁၆၄၃၁၂ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်းသီးနှံများစိုက်ပျိုးရာတွင် နံနံ၊ ခရမ်းချဉ်၊ ခရမ်း၊ ချဉ်ပေါင်၊ ဗူး၊ ရုံပတီး၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊ တိုင်ထောင်ပဲ၊ ပဲတောင့်ရှည်၊ ကန်စွန်း၊ သခွား၊ ကြက်ဟင်းခါး၊ ခဝဲ စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြော င်း တိုင်း‌ေဒသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ပိုးမွှားအန္တရာ ယ်ကင်းရှင်းရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးတို့ကို စစ်ကိုင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၍ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းပြီး တောင်သူများကို အ သိပညာပေး ဆွေးနွေးခြင်းများလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here