ရေး – သံဖြူဇရပ်သွား ကားလမ်း‌တွင် ကုန်တင်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ နေရာ၌ပင် ‌ေ-သဆုံး

0
115

မွန်ပြည်နယ်အတွင်ရှိ ရေး – သံဖြူဇရပ်သွား ကားလမ်း‌တွင် ယမန်နေ့ ဖေဖော်ဝါရီ(၆)ရက် မွန်းလွဲပိုင်းက ကုန်တင်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ကပြီး ဆို င်ကယ်မောင်းသူ အမျိုးသားမှာ နေရာ၌ပင် ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ သေဆုံးသူအမျိုးသားသည် ရေးဘက်သို့ ဆိုင်ကယ်မောင်းနှင်လာရာမှ လားရာတူ သွားနေသော HiJet ယာဉ်အား ကျော်တက်ခဲ့ရာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှ င်လာသည့် ကုန်တင်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြ င်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဥ်ကြောင့် ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ‌ေ-သဆုံးခဲ့ပြီး ၎င်းနှင့်အတူစီးနင်းလာသူ အမျိူးသမီးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

‌ေ-သဆုံးသူ အမျိုးသားအား လမိုင်းဆေးရုံ ရင်ခွဲရုံသို့ လည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိ အမျိုးသမီးအား ရေးမြို့ ဆေးရုံကြီးသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here