မြန်မာနှင့် UNHCR အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများဆွေးနွေး

0
90

မြန်မာနိုင်ငံနှင့် UNHCR အကြား အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍  နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် Ms. Noriko Takagi တို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သိရသည်။

ဖေဖော်ဝါရီ (၆) ရက်၊ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌  တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UNHCR က လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံနှင့် UNHCR အကြား အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here