မန်စံ – ရွှေစာရံ မဟာဓာတ်အားလိုင်း အပြစ်ဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်နေ

0
215

ယနေ့ ဖေဖေါ်ဝါရီ (၇) ရက်၊ နေ့လယ် (၁) နာရီခွဲဝန်းကျင်အ ချိန်ခန့်တွင် (၂၃၀)ကေဗွီ မန်စံ – ရွှေစာရံ မဟာဓာတ်အားလိုင်းအပြစ်ဖြစ် ပေါ်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယာယီဓာတ်အားပြတ်တောက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးထု တ်ပြန်ထားသည်။

အလားတူ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင်လည်း လျှပ်စစ်ဓာတ်အားလိုင်းပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဓာတ်အားစနစ် ချို့ယွင်းမှုကို ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်းလည်း YESC က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here